ထီးလင်း ၂၇ နိုဝင်ဘာ
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် အောင်းတောင်ကျေးရွာတွင် ယနေ့ နံနက် ၁၁ နာရီခွဲခန့်က လူနေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောင်းတောင်ကျေးရွာနေ ဦးသိန်းထွန်းနေအိမ် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိ ဝါးထရံသို့ ကူးစက်လောင်ကျွမ်းပြီး အလျား ၂၄ ပေ၊ အနံ ၁၆ ပေ ရှိ သွပ်မိုး၊ ဝါးကာ၊ ပျဉ်ခင်းနေအိမ်တစ်လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း၊ အဆိုပါမီးလောင်ရာသို့ ထီးလင်းမြို့နယ် မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးဘီးရာမှိုး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်(၈)ဦးတို့က မီးငြှိမ်းသတ်ယာဉ်(၁)စီးဖြင့် ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် မီးငြှိမ်း သတ်နိုင်ခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)


