ထီးလင်း ၇ စက်တင်ဘာ
မိုးစပါး မနောသုခ စပါးမျိုး အထွက်နှုန်း သိရှိနိုင်ရန်အတွက် ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ပုဏ္ဏားကျေးရွာတွင် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ သုတေသန စမ်းသပ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ယင်းသို့စိုက်ပျိုးရာတွင် ထီးလင်းမြို့နယ် ပုဏ္ဏားကျေးရွာ တောင်သူ ဦးနီသာ (ဦးထွန်းကြည်)၏ ကွင်းအမှတ်(၂၁၁)၊ ဦးပိုင်(၆၀)၌ မနောသုခ စပါးမျိုးကို ယူနီးယား (တီစူပါ+ပိုတစ်)၊ NPK (နွားချေး) နှင့် NPK (နှမ်းဖတ်) သုံးမျိုးခွဲ၍ စိုက်ကွက်(၃)နေရာတွင် စိုက်ပျိုးလျက်ရှိရာ လိုအပ်သော စိုက်ပျိုးရေးဆိုင်ရာ နည်းပညာရပ်များကို မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ထီးလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသည် ကျေးလက်ဒေသများရှိ တောင်သူများ၏ စိုက်ပျိုးသီးနှံ မျိုးကောင်းမျိုးသန့် ရရှိရေးနှင့် လိုအပ်သော စိုက်ပျိုးရေးဆိုင်ရာ နည်းပညာရပ်များကို ဖြည့်ဆီးပံ့ပိုး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)


