ထီးလင်း ၁၈ စက်တင်ဘာ
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်အတွင်း (COVID-19) စီးပွားရေးကုစားမှု အစီအစဉ် (CERP) ထောက်ပံ့မှုအရ ဆင်းသုခ မိုးစပါးမျိုးစေ့ထုတ် ဧက(၂၁၀)ကို ကျေးရွာ(၃)ရွာတွင် စိုက်ပျိုးလျက်ရှိပြီး မျိုးကွဲနုတ်ပယ်ခြင်း၊ ပိုးမွှားကင်းထောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ထီးလင်းမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ် ဆင်းသုခစပါးကို အကြည်ဝါးဘင်းကျေးရွာတွင် ဧက ၂၀ဝ စိုက်ပျိုးလျက်ရှိပြီး ပိုးမွှားရောဂါ ကင်းစင်ရေးနှင့် ပိုးမွှား အန္တရာယ် ကျရောက်မှုမရှိစေရေးအတွက် ဂန့်ဂေါခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ပိုးမွှားတာဝန်ခံ ဒေါ်မြင့်မြင့်နွယ်၊ ထီးလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးခင်မောင်ထူးနှင့်ဝန်ထမ်းများက ပိုးမွှားရောဂါကင်းထောက်ခြင်း လုပ်ငန်းကို ယမန်နေ့တွင် ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထီးလင်းမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ် ဆင်းသုခစပါးကို အကြည်ဝါးဘင်းကျေးရွာတွင် တောင်သူ ၁၂၇ ဦးတို့က စိုက်ဧက ၂၀ဝ၊ ပုဏ္ဏားကျေးရွာတွင် တောင်သူ ၇ ဦးတို့က စိုက်ဧက ၅ ဧက နှင့် သရခါ ကျေးရွာတွင် တောင်သူ ၂ ဦးက စိုက်ဧက ၅ ဧက၊ စုစုပေါင်း ၂၁၀ ဧက စိုက်ပျိုးထားကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)


