ထီးလင်း ၅ ဇွန်
၂၀၁၉ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှုအသွင် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်တွင် ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်၌ ရတနာတန်းဝင် ကျွန်းပင်အပါအဝင် ပျိုးပင်ပေါင်း ၁၀ဝ၀ဝ ကျော် စိုက်ပျိုးသွားရန် စီစဉ်လျာထားလျက်ရှိကြောင်း သိရသည်။
ယင်းသို့ စီစဉ်လျာထားရာတွင် ထီးလင်းမြို့အမှတ်(၁) နှင့်(၂)ပျိုးဥယျာဉ်၊ ဆေးမင်းတော၊ ပြင်ဘ၊ ကျင်း၊ ရေမျက်နီနှင့် ညောင်ကန် ကျေးရွာများတွင် ပျိုးဥယျာဉ်များကို ထားရှိပြီး ပြုစုပျိုးထောင်ထားရာ ယခုနှစ်မိုးရာသီတွင် ရတနာတန်းဝင် ကျွန်းပျိုးပင် အပါအဝင် ပျိုးပင်ပေါင်း တစ်သောင်းကျော် စိုက်ပျိုးသွားရန် စီစဉ်လျာထားကြောင်းနှင့်သစ်ပင်စိုက်ပျိုးလိုသူများအနေဖြင့် ထီးလင်းမြို့နယ် သစ်တောဦးစီးဌာန ပျိုးဥယျာဉ်များတွင် ပျိုးပင်များကို အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပြန်/ဆက်မှ သိရသည်။
MDN
