ထီးလင်း ၂၂ ဩဂုတ်
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၁၉ ခုနှစ်၊ သီးနှံစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည် ဝါစံပြကွက် စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့နှင့် သွင်းအားစု ပံ့ပိုးပစ္စည်းများပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ပေးအပ်ခဲ့သည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းနှင့် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က အမှာစကား ပြောကြားပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးခင်ဦးက ချည်မျှင်ရှည်ဝါ စမ်းသပ်ကွက်၊ စံပြကွက် စိုက်ပျိုးမည့် တောင်သူများအား စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ အကြောင်းကို ရှင်းလင်းပြောကြားကာ တာဝန်ရှိသူများက ဝါစိုက်တောင်သူများအား မျိုးစေ့နှင့် မြေဩဇာ သွင်းအားစုပစ္စည်းများကို ပေးအပ်ခဲ့သည်။
ထီးလင်းမြို့နယ်တွင် တောင်သူ ၁၄ ဦးက ချည်မျှင်ရှည်ဝါ(ရွှေတောင်) (၅)ဧက၊ ငွေချည် (၉)ဧက စုစုပေါင်း ၁၄ ဧက စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
အခမ်းအနားသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ထီးလင်းမြို့နယ် အကြည်ဝါးဘင်း၊ သရခါနှင့် ထလင်းကျေးရွာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
လှမောင် (ပြန်/ဆက်)


