mdn

လှိုင်းဘွဲ    ဇူလိုင်    ၂၆
  
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှု ကြောင့် ထီလုံကျေးရွာနှင့် ကုလားကုန်းကျေးရွာကြား လှိုင်းဘွဲ-ဘားအံကားလမ်းမကြီး မိုင်တိုင်အမှတ် ကီလိုမီတာ ၂၀  နှင့် ၂၁ အကြားတွင် ယနေ့နံနက်ပိုင်းက ကားလမ်းရေကျော်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ကားလမ်းမကြီးနေရာသည်  နှစ်စဉ် မိုးရာသီတွင် ကားလမ်းရေကျော်မှုဖြစ်ပွားလေ့ ရှိရာ  ယနေ့နံနက်ပိုင်းအချိန်တွင်  ကားလမ်းမကြီးပေါ်သို့  တစ်ပေခွဲခန့်  လမ်းရေကျော်မှုဖြစ်ပွား ပြီး  ယာဉ်များဖြတ်သန်းသွားလာလျက်ရှိပြီးလမ်းသွားလမ်းလာပြည်သူများ ဘေးအန္တရာယ်ဖြစ်ပွား မှု   မရှိစေရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊  ရဲတပ်ဖွဲ့ဝင်များ၊ကျေးရွာနေပြည်သူများတို့က ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ထီလုံကျေးရွာရှ ိရေဘုတ်ဆည်ရေလှောင်တမံ အမှတ်၆၃.၀၀ လက်မအထက် ၆၅.၈၀လက်မအထက်သို့ ရောက်ရှိနေသဖြင့်ပိုလျှံသည့်ရေများအားရေပိုလွှဲမှထုတ်လွှတ်ပေးလျှက်ရှိကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်