လှိုင်းဘွဲ ဇူလိုင် ၂၆
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှု ကြောင့် ထီလုံကျေးရွာနှင့် ကုလားကုန်းကျေးရွာကြား လှိုင်းဘွဲ-ဘားအံကားလမ်းမကြီး မိုင်တိုင်အမှတ် ကီလိုမီတာ ၂၀ နှင့် ၂၁ အကြားတွင် ယနေ့နံနက်ပိုင်းက ကားလမ်းရေကျော်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကားလမ်းမကြီးနေရာသည် နှစ်စဉ် မိုးရာသီတွင် ကားလမ်းရေကျော်မှုဖြစ်ပွားလေ့ ရှိရာ ယနေ့နံနက်ပိုင်းအချိန်တွင် ကားလမ်းမကြီးပေါ်သို့ တစ်ပေခွဲခန့် လမ်းရေကျော်မှုဖြစ်ပွား ပြီး ယာဉ်များဖြတ်သန်းသွားလာလျက်ရှိပြီးလမ်းသွားလမ်းလာပြည်သူများ ဘေးအန္တရာယ်ဖြစ်ပွား မှု မရှိစေရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့ဝင်များ၊ကျေးရွာနေပြည်သူများတို့က ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ထီလုံကျေးရွာရှ ိရေဘုတ်ဆည်ရေလှောင်တမံ အမှတ်၆၃.၀၀ လက်မအထက် ၆၅.၈၀လက်မအထက်သို့ ရောက်ရှိနေသဖြင့်ပိုလျှံသည့်ရေများအားရေပိုလွှဲမှထုတ်လွှတ်ပေးလျှက်ရှိကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်


