ချင်းပြည်နယ် ၃ စက်တင်ဘာ
ချင်းပြည်နယ်အတွင်း ထိန်းချုပ်ဓာတုပစ္စည်းများ လမ်းလွဲမရောက်စေရေး ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီက ဟားခါးမြို့တွင် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်သည်။
စစ်ဆေးရေးဆောင်ရွက်ရာတွင် ချင်းပြည်နယ် ထိန်းချုပ်ဓာတုပစ္စည်း စစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ချင်းပြည်နယ်ရဲတပ်ဖွဲ့၊ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြင့်နိုင် ဦးဆောင်၍ ဟားခါးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်သိန်း၊ ဟားခါးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးလှချို၊ ဟားခါးမြို့မရဲစခန်းမှူး ဒုတိယရဲမှူး မျိုးဝင်းလှိုင်၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၄)ဟားခါး ဒုတိယရဲမှူး ပန်းအောင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး နေရဲထွန်းတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ထိန်းချုပ်ဓာတုပစ္စည်းများ လမ်းလွဲမရောက်ရှိစေရေး၊ သိုလှောင်ထားသိုမှုစနစ် ကောင်းမွန်မှုရှိစေရေးနှင့် ကျောင်းသားလူငယ်များက အိမ်သုံးကော်များ အလွဲသုံးမှုမရှိစေရေးအတွက် ဟားခါးမြို့ပေါ်ရှိ စတိုးဆိုင်များ၊ အိမ်သုံးပစ္စည်းအရောင်းဆိုင်များကို ရှောင်တခင်စစ်ဆေးခြင်းဖြစ်ကာ ဆိုင်ပိုင်ရှင်များကိုလည်း အသိပညာပေးခြင်း ဆောင်ရွက်ကြကြောင်း သိရသည်။
#MRTV


