တာချီလိတ် ၂၃ မေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ မဟာမြတ်မုနိဘုန်းကြီးကျောင်း၌ ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးသော ထိုင်းဘုရင်လွှတ်ငြိမ် ချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူ ၁၂ ဦးနှင့် တရားမဝင် မြန်မာရွေ့ပြောင်းအလုပ်သမား ၁၆ ဦးတို့ကို နေရပ်ပြန်နိုင်ရေးအတွက် ၄င်းတို့ဆွေမျိုးများထံ မေ ၂၂ ရက်ညနေပိုင်းက ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့သည်။
မေ ၂၂ ရက်ညနေ ၃ နာရီခွဲအချိန်ခန့် မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားတွင် ထိုင်းနိုင်ငံ လဝကမှူး Pol Cap. Katichai Sansil ဦးစီးအဖွဲ့မှ ထိုင်းဘုရင်လွှတ်ငြိမ် ချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူ ၁၂ ဦးနှင့် တရားမဝင် မြန်မာရွေ့ပြောင်းအလုပ်သမား ၁၆ ဦး၊ စုစုပေါင်း ၂၈ ဦးတို့အား လာရောက်လွှဲပြောင်း ပေးအပ်ရာ မြန်မာနိုင်ငံဘက်မှ ခရိုင်/မြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အဖွဲ့ဝင်များ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဆိုင်ရာဌာနခွဲမှ တာဝန်ရှိသူများ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(၁)မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ(CNCMC)တို့နှင့်အတူ ကြိုဆိုခဲ့ကြပြီး ၄င်းတို့၏ ဆွေမျိုးများနှင့် ချိတ်ဆက်ကာ မူလနေရပ်ဒေသများသို့ ပြန်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
လွှဲပြောင်းပေးသည့် မြန်မာနိုင်ငံသားများအား တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မဟာမြတ်မုနိ ကျောင်းဝင်းအတွင်း၌ အခြေပြုပြီးကာ ပူးပေါင်း အဖွဲ့ဖြင့် စစ်ဆေးခဲ့ရာ နိုင်ငံကူးလက်မှတ်မပါမရှိဘဲ တရားမဝင် အလုပ်ဝင်ရောက်လုပ်ကိုင်ရာမှ နှစ်နှစ်ကျော် အမိန့်ချမှတ်ခံရခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲရာမှ ဖမ်းဆီးခံရသူ ၁၂ ဦး သည် ထိုင်းဘုရင် လွှတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် လွတ်မြောက်လာကြောင်း၊ ကျန်သည့် ၁၆ ဦးသည် ထိုင်းနိုင်ငံ အတွင်း အလုပ်သွားလုပ်ရာမှ လမ်းခရီးစစ် ဆေးရေးဂိတ်များတွင် ထိုင်းနိုင်ငံတာဝန်ရှိသူများက ရှောင်တခင် စစ် ဆေးချက်အရ နယ်မြေကျော်သွားရောက်ခြင်းကြောင့် ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံ သို့ ပြန်လည်စေလွှတ် ခဲ့ရသူများဖြစ်ကြောင်း၊ ၄င်းတို့အထဲတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှ ၁၃ ဦး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ငါး ဦးနှင့် ရှမ်းပြည်နယ်(မြောက် ပိုင်း)မှ လေးဦးနှင့် ရန်ကုန်တိုင်းဒေသကြီးမှ နှစ်ဦး၊ စုစုပေါင်း ၂၈ ဦးတို့ပါဝင်ကြောင်း သိရသည်။
အဆိုပါ လွှဲပြောင်းပေးအပ်သည့် တရားမဝင် မြန်မာအလုပ်သမားများမှာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် မေ ၂၂ ရက်နေ့ထိ အမျိုးသား ၅၀၂ ဦး၊ အမျိုးသမီး ၂၅၃ ဦး၊ ကလေး ၃၁ ဦး၊ စုစုပေါင်း ၈၁၀ ဦး ရှိကြောင်း သိရသည်။
မြင့်မိုရ်(တာချီလိတ်)