မြဝတီ ၂၆ စက်တင်ဘာ
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်မှ ကရင်ပြည်နယ်အတွင်းရှိ Quarantine Center များအတွက် အထောက်အကူဖြစ်စေမည့် ထိုင်းဘတ်ငွေ (၉၄၀၀၀)တန်းဖိုးရှိ ပစ္စည်းများအား မြဝတီမြို့ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားအမှတ် (၂) ၌ စက်တင်ဘာလ ၂၅ ရက် မွန်းလွဲ ၁ နာရီက လာရောက်လှူဒါန်းခဲ့သည်။
လှူဒါန်းပစ္စည်းများအား ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ကိုယ်စားမြဝတီခရိုင်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌဒေါ်သင်းသင်းမြတ်က ပေးအပ်ခဲ့ရာမြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်မှ လက်ခံရယူခဲ့သည်။
ထို့သို့လှူဒါန်းရာတွင် တိုင်းရင်းဆေး ဂျပ်ဖာ (၄၀)၊ မြေပဲကြော် ဂျပ်ဖာ (၅၂) ခု၊ ငါးပိကြော် (၃၁၄) ဘူး၊ ရေစစ်အစုံ(၂၀)၊ ဆပ်ပြာမှုန့် (၁၇၅) ထုပ် နှင့်ရေအိမ်သုံး ဆေးရည်ဘူး (၆၀၀) ကို လှူဒါန်းခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်
