မြဝတီ   ၂၉   ဩဂုတ် 

 

ထိုင်းနိုင်ငံမှ ခရိုင်ဒေသအသီးသီးမှ မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မိမိအစီအစဉ်များဖြင့် မြဝတီမြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားအမှတ်(၂)ဂိတ်မှတစ်ဆင့် ပြန်လည်ဝင်ရောက်လာရာ  ဩဂုတ် ၂၉ ရက်  နံနက် ၆  နာရီမှ ညနေ ၆ အမျိုးသား (၂၀၁) ဦးနှင့် အမျိုးသမီး(၁၇၂)ဦး စုစုပေါင်း(၃၇၃)ဦး ဖြစ်သည်။


အများစုမှာ ကိုယ်ဝန်ဆောင်သူများ၊ ကျောင်းပြန်တက်ရမည့် ကလေးငယ်များ၊ အကြောင်းအမျိုးမျိုးကြောင့် စက်ရုံလုပ်ငန်းများ ကာလရှည်သွာပိတ်ထားသဖြင့် အလုပ်နည်းပါးလာသောကြောင့် ပြန်လာကြသော သူများဖြစ်ကြောင်း သိရသည်။


အဆိုပါ ပြန်ဝင်ရောက်လာသောသူများကို မြဝတီခရိုင် တာဝန်ရှိသူများက ထိုင်းနယ်စပ်ဂိတ် မဲဆောက်ဘက်ခြမ်းသို့ သွားရောက်ကြိုဆိုခဲ့ကြပြီး သက်ဆိုင်ရာဒေသအသီးသီး Quarantine Center သို့ (၂၁)ရက် ထားရှိရန် စီစဉ်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#MRTV