မြဝတီ  ၂၈  ဩဂုတ်

 

မြဝတီမြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားအမှတ်(၂)ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံမှ ခရိုင်ဒေသအသီးသီးမှ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများသည် မိမိအစီအစဉ်များဖြင့် ပြန်လည်ဝင်ရောက်လာရာ  ယနေ့ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိတွင် အမျိုးသား(၂၈၇)ဦးနှင့်  အမျိုးသမီး(၁၇၅)ဦး စုစုပေါင်း(၄၆၂)ဦး  ဖြစ်သည်။
 

ပြန်လည်ဝင်ရောက်လာသူ အများစုမှာ ကိုယ်ဝန်ဆောင်သူများ၊ ကျောင်းပြန်တက်ရမည့် ကလေးငယ်များ၊ အကြောင်းအမျိုးမျိုးကြောင့် စက်ရုံလုပ်ငန်းများ ကာလရှည်သွာပိတ်ထားသဖြင့် အလုပ်နည်းပါးလာသောကြောင့် ပြန်လာကြသော သူများဖြစ်ကြောင်း သိရသည်။
 

ယင်းပြန်ဝင်ရောက်လာသောသူများ မြဝတီခရိုင် တာဝန်ရှိသူများက ထိုင်းနယ်စပ်ဂိတ် မဲဆောက်ဘက်ခြမ်းသို့ သွားရောက်ကြိုဆိုခဲ့ကြပြီး သက်ဆိုင်ရာဒေသအသီးသီး Quarantine Center သို့ (၂၁)ရက် ထားရှိရန် စီစဉ်ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။


#MRTV