ထန်ပါခွေ  ၁၈   ဩဂုတ် 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌  ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း  နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုဝင်များအား တတိယအကြိမ်ထောက်ပံ့သော  ငွေကျပ်နှစ်သောင်းတိတိကို ဩဂုတ် ၁၈ ရက်နေ့ နံနက် ၈ နာရီ အချိန်က ရိုးရာပန်ရှေ့၌ ထုတ်ပေးလျှက်ရှိကြောင်း သိရသည်။

 

အဆိုပါ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုဝင်များအတွက် နိုင်ငံတော်က တတိယအကြိမ် ထောက်ပံ့ပေးအပ်သော ငွေကျပ်နှစ်သောင်းတိတိအား ထန်ပါခွေမြို့ပေါ်ရပ်ကွက်အတွင်းရှိ ပြည်သူများထံ  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများ၊  ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် ရပ်မိရပ်ဖများက အိမ်ထောင်စုတစ်စုချင်းစီ အလှည့်ကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။

 

ထန်ပါခွေမြို့တွင် နိုင်ငံတော်မှ (ပထမအကြိမ်)အဖြစ် အခြေခံစားသောက် ကုန် (၅)မျိုးကိုလည်းကောင်း၊ (ဒုတိယအကြိမ်)အဖြစ် အိမ်ထောင်စုတစ်စုလျှင် ငွေသားကျပ် နှစ်သောင်းတိတိ ကိုလည်းကောင်း၊ ယခု (တတိယအကြိမ်) အဖြစ် အိမ်ထောင်စုတစ်စုလျှင် ငွေသားကျပ်နှစ်သောင်းတိတိ စုစုပေါင်းအိမ်ထောင်စု (၁၂၇)စုအတွက် ငွေကျပ် ၂၅၄၀၀၀၀ တိတိကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ထန်ပါခွေမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။         

 

ဟန်ထွန်း(အင်းဝ)