ထန်တလန်   ၆   ဇူလိုင်    

 

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကိုယ်ဝန်ဆောင်မိခင်များနှင့်အသက်တစ်နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ကာကွယ်ဆေး ထိုးနှံပေးရာတွင် မွေးကင်းစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား ကြီးထွားဖွံ့ဖြိုး ရောဂါကင်းဝေးစေရန် အသက်အပိုင်းအခြားအလိုက် (၅) မျိုးစပ် ကာကွယ်ဆေးများ၊ ပြင်းထန်အဆုတ်ရောင် ရောဂါကာကွယ်ဆေး၊ ဝက်သက်ဂျိုက်တိုးရောဂါကာကွယ်ဆေး၊ ပိုလီယိုရောဂါ ကာကွယ်ဆေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခဲ့ကြသည်။

 

ကလေးငယ်များအတွက် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးခြင်းကို ဇူလိုင်လ ၈ ရက်နေ့အထိ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပြီး လစဉ်ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)