ထန်တလန် ၁၁ ဩဂုတ်
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ထန်တလန်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက ထန်တလန်မြို့ အမှတ် (၂) ရပ်ကွက်ရှိ စေတနာအဆောင်တွင် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ထန်တလန်မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးမျိုးဝင်းရှိန်နှင့် ဝန်ထမ်းများက ထန်တလန်မြို့နယ်အနေဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပျောက်ဆုံး သူများနှင့် အသက်(၁၈)နှစ် ပြည့်ပြီးသူများထဲမှ နိုင်ငံသားစိစစ်ရေးကတ်မရှိသူ လူဦးရေပေါင်း (၁၆၀၂) ဦးရှိကာ ၎င်းတို့အနက်မှ ယနေ့အထိ (၁၂၈၅)ဦးအတွက် သစ္စာစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ ကျန်ရှိသည့် ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင်လည်း ရွေးကောက်ပွဲ မတိုင်မီကာလအတွင်း အပြီးထုတ်ပေးနိုင်ရေး ဆက်လက်၍ ကွင်းဆင်းဆောင်ရွက်ကာ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)