ထန်တလန် ၁၈ ဩဂုတ်
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းလာရေးအတွက် လူငယ်များက အခန်းကဏ္ဍတစ်ရပ်မှနေ၍ စည်းလုံးညီညွတ်စွာဖြင့် ဦးဆောင်ပူးပေါင်း ကြိုးပမ်းဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ ချင်းပြည်နယ် လူမှုဝန်ထမ်းရုံးနှင့် ချင်းပြည်နယ် လူငယ်ရေးရာကော်မတီတို့က ဦးဆောင်၍ လူငယ်ရေးရာမူဝါဒရှင်းလင်းပွဲနှင့် လူငယ်ဆိုင်ရာ အသိပညာပေး သင်တန်းကို ယနေ့ နံနက် ၉ နာရီက ထန်တလန်မြို့ အမှတ် (၂) ရပ်ကွက်ရှိ Thantlang Association Baptist Church Center (TABC) ၌ ကျင်းပသည်။
ရှေးဦးစွာ ထန်တလန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီးနောက် ချင်းပြည်နယ်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာက လူငယ်ရေးရာမူဝါဒ ရေးဆွဲရေးနှင့် လူငယ်ဆိုင်ရာအခန်းကဏ္ဍနှင့် စပ်လျဉ်း၍ ချင်းပြည်နယ်လူမှုဝန်ထမ်းရုံး ပြည်နယ် ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာက ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို ထန်တလန်မြို့ပေါ် ရပ်ကွက်ရှိ သင်တန်းသူ သင်တန်းသား (၃၅) ဦး တက်ရောက်ခဲ့ကြပြီး ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူး ဦးငွန်ရိုထန်းနှင့် ဝန်ထမ်းများက ပညာပေးဆွေးနွေး ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)