ထန်းတပင်(ပဲခူး) ဇန်နဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ဒုတိယအကြိမ်အဖြစ် ယနေ့ နံနက်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်း ပင်လုံခန်းမတွင် ထိုးနှံပေးလျက်ရှိသည်။
မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် ကျောင်းသား ကျောင်းသူများအား သတ်မှတ်နေရာသို့ လိုက်ပါပို့ဆောင်ပေးခြင်း၊ လိုအပ်သည့် ကူညီမှုများ ဆောင်ရွက်ပေးခြင်း၊ စာရင်းမှတ်တမ်းကောက်ယူခြင်း၊ ရေးသွင်းခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်းနှင့် သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
ထန်းတပင်မြို့နယ်အနေဖြင့် ကာကွယ်ဆေးထိုးမည့် အခြေခံပညာကျောင်းပေါင်း (၁၀၁)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၁)ကျောင်း၊ စုစုပေါင်း (၁၀၂)ကျောင်းမှ အသက် (၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆၂၂၀)ဦးကို ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ပြီး ယနေ့တွင် အသက်(၁၂)အထက် ကျောင်းသား၊ ကျောင်းသူ (၄၀၈)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)


