တာချီလိတ်  ၈   ဇူလိုင် 


ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊အမှတ်(၁/၂၀-က)ဗိုလ်ချုပ်လမ်း၊ ဝမ်ကောင်းရပ်ကွက်ရှိ ရှင်းဒါရွှေဆိုင်အား ယနေ့မနက် ၈ နာရီအချိန်ခန့်က သေနတ်သမားနှစ်ဦးမှ အနုကြမ်းဝင်ရောက်စီးနင်းကာ ရွှေထည်များ ဝင်ရောက်လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

1

 


ဖြစ်စဉ်မှာ မနက်ရွှေဆိုင်ဖွင့်ချိန် လူနှစ်ဦး SCOPPY အမျိုးအစား ခရမ်းရောင် ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လက်ထဲမှ သေနတ်အတို ကိုယ်စီဖြင့် ချိန်ရွယ်ခြိမ်းခြောက်ကာ ရွှေထည်များအား လုယူထွက်ပြေးသွားကြောင်း ရွှေဆိုင်ပိုင်ရှင်ဖြစ်သူ ဦးချစ်ထူ၏ သမီး မအားရှီလာက ဖုန်းဆက်အကြောင်းကြားလာသဖြင့် သွားရောက်ကြည့်ရှုခဲ့ရာ အလေးချိန်(၂၄ ဒသမ ၂၀) ကျပ်သားရှိ ရွှေဘယက်(၁)ကုံး၊ တန်ဖိုးငွေကျပ် (၂၆,၂၂၁,၇၁၃)သိန်း၊ အလေးချိန်(၁၅ ဒသမ ဝ၇၈) ကျပ်သား ရွှေဆွဲကြိုး(၁)ကုံး၊ တန်ဖိုးငွေကျပ်(၁၆,၈၁၈,၉၅၆)သိန်း၊ စုစုပေါင်း(၃၈ ဒသမ ၇၆၃)ကျပ်သားခန့် တန်ဖိုးငွေကျပ် (၄၃,ဝ၄၀,၆၆၉) သိန်းကျပ်နှင့် မအားရှီလာကိုင်ဆောင်သော iphone 7 အမျိုးအစား အနက်ရောင် လက်ကိုင်ဖုန်း(၁)လုံး၊ တန်ဖိုးငွေကျပ်(၁,၇၁၅,ဝ၀ဝ)သိန်း တို့အား လုယက်ယူဆောင်သွားကြောင်း သိရှိရသည်။


အမှုအား ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးချစ်ထူမှ တရားလိုပြုလုပ် တိုင်တန်းပြီး မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး ပူးပေါင်းအဖွဲ့များဖြင့် စုံစမ်းလျက်ရှိကြောင်း ခရိုင်ပြန်/ဆက်မှ သိရှိရသည်။


MDN