တာချီလိတ် ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်တွင် အခြေခံလက်လုပ်လက်စားများနှင့် ခရိုင်ပြည်သူ့ဆေးရုံးမှ ကျန်းမာရေးဝန်ထမ်းများအတွက် ထမင်းထုပ် ၁၀၀၀ နှင့် ပေါက်စီအလုံး ၃၈၀ တို့ကို မြို့ဖွံဖြိုးတိုးတက်ရေးအထောက်အကူပြုအဖွဲ့က ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းက သွားရောက် လှူဒါန်းခဲ့သည်။
အခြေခံလူတန်းစားများ စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်ရည်ရွယ်၍ (၇)ကြိမ်မြောက်အဖြစ် ဝေငှပေးခြင်းဖြစ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အလှူရှင်များက လှုဒါန်းနေခြင်းဖြစ်သည်။ ထမင်းထုပ်များကို တာချီလိတ် စစ်ဗျူဟာအဖွဲ့ (အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူကြီးမင်းမင်းထွန်း ဦးဆောင်သည့် တာချီလိတ်မြို့ ဖွံဖြိုးတိုးတက်ရေးအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းနေဦး ပါဝင်သောအဖွဲဝင်များက စီစဉ်လှုဒါန်းခြင်းဖြစ်သည်။
ထမင်းထုပ်တစ်ထုတ်လျှင် ထိုင်းဘတ်ငွေ ၂၀ တန်ဖိုးရှိ ထမင်းထုပ် စုစုပေါင်း ၁၀၀၀ အတွက် ထိုင်းဘတ်ငွေ နှစ်သောင်း (မြန်မာကျပ်ငွေ ၁၀ သိန်းကျော်)ကို ယခုအပတ်အတွက် ရွှေဘူးသီးဟိုတယ်မှ ဦးဝီလ်ဆင်မိုးမိသားစုက လှုဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ယာဆေး(ပြန်/ဆက်)


