တာချီလိတ် စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စိုးရိမ်ရေမှတ်အထက် ကျော်လွန်ခဲ့သော်လည်း ယနေ့နံနက်အစောပိုင်းမှစ၍ ရေများတဖြည်းဖြည်း ပြန်လည်ကျဆင်းလျက်ရှိကြောင်း သိရသည်။
ယမန်နေ့ညပိုင်းက မိုးအဆက်မပြတ်ရွာသွန်းခဲ့ရာ ယနေ့နံနက်အစောပိုင်း ၁ နာရီကျော်ခန့်တွင် ရေချိန်မှတ် ၃၉၀ cm ကျော်မြင့်တက်ခဲ့ပြီး စိုးရိမ်ရေမှတ် အထက်ကျော်လွန်ခဲ့ကြောင်း၊ သို့ရာတွင် နံနက် ၂ နာရီကျော်ခန့်တွင် ရေများတဖြည်းဖြည်း ပြန်လည်ကျဆင်းခဲ့ကြောင်း သိရသည်။
ရေကြီးရေလျှံမှုဖြစ်ပေါ်ပါက ကူညီကယ်ဆယ်ရေးအတွက် နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးမင်းမင်းထွန်း ဦးဆောင်သော တပ်မတော်သားများ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်နှင့် တာဝန်ရှိသူများ၊ လူမှုကူညီရေး ပရဟိတအသင်းဝင်များက ရေကြီးရေလျှံမှု အဆိုးဝါးဆုံးဖြစ်ပေါ်တတ်သော နေရာများတွင် ကူညီကယ်ဆယ်ရေးအတွက် အသင့်စောင့်ဆိုင်းခြင်း၊ ရေကင်းများချထားခြင်းတို့ကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ယနေ့နံနက် ၉ နာရီခန့်တွင် မြို့တွင်းရပ်ကွက်များနှင့် လမ်းမကြီးပေါ်တွင် ရေတင်မှုများရှိသေးသော်လည်း ပုံဆက်သွယ်သွားလာလျက်ရှိပြီး တာဝန်ရှိသူများက ကူညီကယ်ဆယ်ရေးအတွက် အရေးပေါ်အစည်းအဝေး ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
ယာဆေး(ပြန်/ဆက်)