နေပြည်တော် ၂၁  စက်တင်ဘာ 


ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ တော်ကော့ပြင်ကျေးရွာနေ နိုင်ထက်လင်း(ခ) ကုလား လေး(၁၉)နှစ်ပါ ၃ ဦးအား စက်တင်ဘာ ၁၉ ရက်က ဟောင်လိတ်နယ်မြေရဲစခန်း (ပ)၃/၂၀၂၀၊  ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁) ဖြင့်အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။


ဖြစ်စဉ်မှာ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက် အောင်ပင်လယ်လမ်းဆုံ၌ တပ်ဆင် ထားသော CCTV IP DONE 360 အား စက်တင်ဘာ ၁၈ ရက် ည ၁၁ နာရီခွဲက နိုင်ထက်လင်း(ခ)ကုလားလေးပါ ၃ ဦးတို့က ကျောက်ခဲဖြင့် ပစ်ပေါက်ခဲ့သဖြင့် ပုံရိပ်ဖမ်းစက်ကိရိယာ ပျက်စီးသွား၍ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။


ရဲပြန်ကြား