နေပြည်တော် ဩဂုတ် ၇
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၆ ရက် မွန်းလွဲ ၁ နာရီခွဲတွင် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ဝမ်ကဲ(၂) ကျေးရွာအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ အိုက်နွံအား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀၀၀ ကိုလည်းကောင်း၊ ထို့ပြင် ပူးပေါင်းအဖွဲ့သည် ယင်းနေ့ ညနေ ၅ နာရီ ၄၅ မိနစ်တွင် နမ့်စန်မြို့၊ ရပ်ကွက်(၄)၊ သုခိတာလမ်းရှိ စိုင်းအောင်ထွေး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၄၀၀၊ ဘိန်းဖြူ သုည ဒသမ ၃၃၅ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်


