နေပြည်တော် ဩဂုတ် ၇

 

Description: \\MAINPC\Main(2)\2024 DATA\10. Daily Significant Case (2024)\01. January\23-1-2024 ATS 20 Lakhs, Ice 23 kg & Opium  75 kg (Su-30)\Photos\Mail Photos\viber_image_2024-01-23_20-47-42-117.jpgမူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၆ ရက် မွန်းလွဲ ၁ နာရီခွဲတွင် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ဝမ်ကဲ(၂) ကျေးရွာအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ အိုက်နွံအား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀၀၀ ကိုလည်းကောင်း၊ ထို့ပြင် ပူးပေါင်းအဖွဲ့သည် ယင်းနေ့ ညနေ ၅ နာရီ ၄၅ မိနစ်တွင် နမ့်စန်မြို့၊ ရပ်ကွက်(၄)၊ သုခိတာလမ်းရှိ စိုင်းအောင်ထွေး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၄၀၀၊ ဘိန်းဖြူ သုည ဒသမ ၃၃၅ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

သတင်းစဉ်