တာချီလိတ် ၁၂ မေ
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ကလေးစာပေပွဲတော် ကျင်းပနိုင်ရန် ညှိနှိုင်းအစည်းအဝေးကို မေ ၁၂ ရက်က တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ ပြုလုပ်သည်။
အစည်းအဝေးသို့ မြို့နယ်စာရေးဆရာအသင်းနာယက ဦစိုးစိုးနှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးညွှန့်ရွှေနှင့် ပြန်/ဆက်ဝန်ထမ်းတို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ကလေးစာပေပွဲတော်ကျင်းပမည့် အထက (တာချီလိတ်)ကျောင်းအား ကွင်းဆင်းကြည့်ရှုခဲ့သည်။
အဆိုပါ ကလေးစာပေပွဲတော်ကို ဇွန်လနောက်ဆုံးပတ်တွင် တာချီလိတ်မြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း