ရန်ကုန် ၈ ဇူလိုင်
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ တာမွေ(ယာယီ)ဈေးရှေ့ ကားမှတ်တိုင်အနီးတွင် ယနေ့နံနက် ၁၁ နာရီခွဲအချိန်က KMS Construction Company Limited မှ လူမျိုးဘာသာမရွေး စားသုံးနိုင်သည့် FOOD BOX ထားရှိပေးထားကြောင်း သိရသည်။
အဆိုပါ FOOD BOX တွင် မည်သူမဆို စားသုံးနိုင်သည့် ဘီစကွတ်မုန့်များ၊ ပေါင်မုန့်နှင့်ကိတ်မုန့်များ၊ အချိုရည်ဘူးများနှင့် သောက်ရေသန့်ဘူးများအား ထားရှိပေးထားပြီး ခရီးသွားပြည်သူများအပြင် လူမျိုးဘာသာမရွေး၊ အရုပ်အလတ်အမြတ်မရွေး၊ လူတန်းစားပေါင်းစုံ မည်သူမဆို အခမဲ့ယူ၍ စားသုံးနိုင်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(တာမွေ)


