ရန်ကုန်  ၁၁   ဇွန်      


ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ စီစဉ်ကျင်းပသော ကိုယ်ဝန်ဆောင် မိခင်များအတွက် အာဟာရပြည့် အစားအစာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ကျိုက္ကဆံလမ်းနှင့် သမာဓိလမ်းထောင့်ရှိ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း သားဖွားခန်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား တိုင်း၊ ခရိုင်၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌတို့မှ အာဟာရပြည့် အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့သည်။


အခမ်းအနားသို့ တိုင်း၊ ခရိုင်၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌများနှင့်အသင်းဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ၊ မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များ စုစုပေါင်း (၄၂) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင် (တာမွေ)