ရန်ကုန် ၆ ဇွန်
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ မြို့နယ်သာသနာရေးဦးစီးဌာနမှ ကြီးမှူး၍ နှစ်စဉ်ကျင်းပသော ၂၀၁၉ ခုနှစ်၊ နိကာယ်စာမေးပွဲ(ဝိဒူတန်း) စတုတ္ထနေ့ကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် အမှတ်(၂)အခြေခံပညာ အလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်လျက်ရှိရာ စာဖြေသံဃာတော် စာရင်းရှိ (၃၈၈)ပါးတွင် (၂၆၅)ပါး ဝင်ရောက်ဖြေဆိုခဲ့ပြီး (၁၂၃)ပါး ပျက်ကွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၁၉-ခုနှစ်၊ နိကာယ်စာမေးပွဲ (ဝိဒူတန်း)ကို ဇွန်လ(၃)ရက် မှ (၇)ရက်နေ့အထိ နေ့စဉ် မွန်းလွဲ (၁)နာရီမှ ညနေ(၅)နာရီအချိန်အထိ အုပ်စု(၁)၊(၂)၊(၃)၊(၄)၊(၅)၊(၈) စသည်ဖြင့် အုပ်စုများခွဲ၍ တာမွေမြို့နယ် အတွင်းရှိ စာသင်တိုက်များမှ စာဖြေသံသဃာတော်များ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
နိုင်လင်းအောင် (တာမွေ)


