ရန်ကုန် ၃၀ ဇွန်


    
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပုဏ္ဏားကုန်းရပ်ကွက်ရှိ ရွှေပုံဝင်းရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏  ၂၀၁၈-၂၀၁၉  ဘဏ္ဍာရေးနှစ် ဘဏ္ဍာရေးကိစ္စ  အရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည်အစည်းအဝေးကို ဇွန်(၂၉)ရက် နံနက် ၁၀ နာရီအချိန်က တာမွေမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း အောင်သပြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


    
အခမ်းအနားတွင်  မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သန်းနွဲ့က ရွှေပုံဝင်းရောင်းဝယ်ရေး သမဝါယမအသင်း၏  နှစ်ပတ်လည်အစည်းအဝေး ကျင်းပဆောင်ရွက်မှုနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြား ခဲ့ပြီး အသင်း၏ဥက္ကဌ ဦးခင်မောင်ရီက ရွှေပုံဝင်းရောင်းဝယ်ရေး သမဝါယမအသင်း၏ လက်ရှိဆောင်ရွက် လျက်ရှိသည့်လုပ်ငန်းများနှင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ 

 

ထို့နောက် အသင်း၏အတွင်းရေးမှူး ဦးလှဝင်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အမှုဆောင်ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများ၊ အသင်းသားစာရင်းစစ် အစီရင်ခံစာတို့အား ဖတ်ကြားအတည်ပြုခဲ့ပြီး အသင်း၏ သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
    


အခမ်းအနားသို့   မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သန်းနွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရွှေပုံဝင်းရောင်းဝယ်ရေး သမဝါယမအသင်းမှ ဥက္ကဌနှင့်အသင်းသား၊ အသင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

နိုင်လင်းအောင်(တာမွေ)