ရန်ကုန် ၂၄  မေ

တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်၏ နှုတ်ဆက်ဧည့်ခံပွဲ အခမ်းအနားကို ယနေ့ ည ၆ နာရီခွဲက ရန်ကုန်မြို့ Wyndham Grand Royal Lake Hotel  ၌ကျင်းပသည်။

အခမ်းအနားသို့ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံခြားသံရုံးများမှ သံအမတ် ကြီးများနှင့်သံတမန်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

နှုတ်ဆက်ပွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က နှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။

ယင်းနောက် သံအမတ်ကြီး နှင့်ဇနီးတို့အား မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များက အမှတ်တရလက်ဆောင်များ ပေးအပ်သည်။

ထို့နောက်သံအမတ်ကြီးနှင့် ဇနီးတို့သည် တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ ညစာစားပွဲဖြင့်တည့်ခင်းဧည့်ခံသည်။

(သတင်းစဉ်)

 

mdn