တောင်ကြီး ၃ နိုဝင်ဘာ

တောင်ကြီးမြို့မှ အသက် ၁၀၂ နှစ်အရွယ်ရှိ အဘွားဒေါ်မြစိန်သည် နိုဝင်ဘာ ၂ ရက်က ၎င်း၏နေအိမ်တွင် ကြိုတင်ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။

 

အဖွားက ဒေါ်မြစိန်လို့ ခေါ်ပါတယ်၊ အသက်က(၁၀၂)နှစ်ပါ၊ မွေးသက္ကရာဇ်က (၁၀-၆-၁၉၁၈) ဖြစ်ပါတယ်။ ယခုလို ကြိုတင်ဆန္ဒမဲ ပေးခဲ့တာ (၂)ကြိမ်ရှိသွားပြီး အားလုံးကို ပျော်ပျော်ရွှင်ရွင်နဲ့ အောင်မြင်မှုရရှိစေချင်တယ် ဟု အဖွားက ပြောသည်။

 

ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲများကို နာမကျန်းသူများ၊ သက်ကြီးရွယ်အိုများအား မြို့ပေါ်ရပ်ကွက်ရှိ ရပ်ကျေး ကော်မရှင်အဖွဲ့များမှ အိမ်တိုင်ရာရောက် ကြိုတင် ဆန္ဒမဲများ လာရောက် ကောက်ယူ ဆောင်ရွက်ပေးကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)