တောင်ကြီး     နိုဝင်ဘာ  ၂၄

 

ရှမ်းပြည်နယ်အတွင်း  နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာပွဲတော်ကို ဖော်ထုတ်မြှင့်တင်အားပေး ခြင်းဖြင့် တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၂၁ ရက်မှ ၂၇ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ လျက်ရှိရာ  နိုဝင်ဘာ   ၂၃  ရက် တွင်လည်း      နေ့လွှတ်မီးပုံးပျံ     ခြေနှစ်ချောင်း    အရုပ်    ငါးလုံး၊ ခြေလေးချောင်း အရုပ်ငါးလုံး ပါဝငါယှဉ်ပြိုင်လွှတ်တင်ကြပြီး ညပိုင်းတွင် ခေတ်ပေါ်တေးဂီတတီးဝိုင်းဖြင့် ဒေသခံ အဆိုတော်များဖြင့်  ဖျော်ဖြေတင်ဆက်ကြပြီး    ညမီး ကြီး  ၂၂  ပေ  လေးလုံး၊  ၂၅ ပေ နှစ်လုံး၊    ညမီးကြီး စိန်နားပန် သုံးလုံး ပါဝင်ယှဉ်ပြိုင် လွှတ်တင် ပေးကြရာ     ဒေသခံပြည်သူများ ရပ်ဝေး၊  ရပ်နီးမှ   ဧည့်သည်တော်များ၊      ပွဲလာဧည့်ပရိသတ်များ အင်အား တစ်သိန်းခွဲခန့် စည်ကားသိုက်မြိုက်စွာ၊ ပျော်ရွှင်အေးချမ်းစွာဖြင့် ဆင်နွှဲကြသည်။

 

အဆိုပါ တောင်ကြီးတန်ဆောင် တိုင်ပွဲတော်တွင် ညမီးကြီး ၂၅ ပေ ၁၅  လုံး၊  ၂၂  ပေ  ၂၃  လုံး၊  ညမီး ကြီး  စိန်နားပန် ၁၈ ပေ ၂၅ လုံး စုစုပေါင်း ၆၃ လုံး၊ နေ့လွှတ်အရုပ် ခြေနှစ်ချောင်း    ၃၇   လုံး၊     ခြေ လေးချောင်း ၁၇ လုံး၊ အရုပ်အုပ်စု ကိုးလုံး    စုစုပေါင်း   ၆၃     လုံး ပါဝင်ယှဉ်ပြိုင်ကြပြီး မီးပုံးပျံနေ့လွှတ်အရုပ်ပြိုင်ပွဲကို   မွန်းလွဲ ၁ နာရီမှ ညနေ  ၄  နာရီအထိနှင့်   ညမီးပုံးပျံလွှတ်ချိန်ကို ည ၇  နာရီမှ စတင်မည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)