တောင်ကြီး ၁၆ ဇူလိုင်
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ပေါ် ရပ်ကွက်များရှိ အခြေခံလူတန်းစားများအား ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများ ဒုတိယအကြိမ် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထောက်ပံ့လှူဒါန်းရာတွင် တာဝန်ရှိသူများက တောင်ကြီးမြို့ပေါ်ရှိ စဝ်စံထွန်းရပ်ကွက်၊ ညောင်ဖြူစခန်း ရပ်ကွက်နှင့် ပြည်တော်သာရပ်ကွက်တို့ရှိ အခြေခံလူတန်းစား အိမ်ထောင်စုတစ်စုလျှင် ဆန် ၃ ပြည့်၊ ဆီ ၁၅ ကျပ်သား၊ ကုလားပဲ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သားပါ ရိက္ခာထုပ်များကို အိမ်ထောင်စု ၁၀၈၀ စုထံ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ခြင်းကို ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီ၊ ကမ္ဘောဇဘဏ်မှ ပံ့ပိုးမတည်ငွေ၊ ပြည်သူလူထု လှူဒါန်းထည့်ဝင်ငွေများနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းမှုဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)


