တောင်ကြီးမြို့၌ ဆေးလိပ်ကင်းစင် ရှမ်းပြည်တစ်ခွင် အကြီးတန်း/သက်ငယ်တန်း/အလွတ်တန်း မီနီမာရသွန်ပြိုင်ပွဲ ကျင်းပ

တောင်ကြီး  ၂၄   သြဂုတ်  

၂၀၁၉ ခုနှစ်၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် Pocari Sweat တို့ပူးပေါင်းကျင်းပသောအလွတ်တန်း၊အကြီးတန်း၊သက်ငယ်တန်း မီနီမာရသွန်ပြိုင်ပွဲကို သြဂုတ်လ ၂၄ ရက်နေ့ နံနက် ၆ နာရီက ပြည်နယ်အားကစား လေ့ကျင့်ရေးရုံရှေ့၌ ဆေးလိပ်ကင်းစင် ရှမ်းပြည်တစ်ခွင် ၊အကြီး တန်း/သက်ငယ်တန်း/အလွတ်တန်းမီနီမာရသွန်ပြိုင်ပွဲကျင်းပခဲ့ရာရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ် စိုက်ပျိုးရေး၊မွေး မြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ပြည်နယ်စည်ပင် သာယာရေးဝန်ကြီးဦးစိုင်းစွံဆိုင်း၊ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ကျောင်းသားကျောင်းသူများနှင့် Pocari Sweat ရေနှင့်ဓါတ်ဆားဖြည့်အချိုရည် ကုမ္ပဏီမှတာဝန်ရှိ သူများ၊ မီနီမာရသွန်ပြိုင်ပွဲကျောင်းသား ကျောင်းသူများနှင့် အားကစားဝါသနာရှင်များ စုစုပေါင်း ၁၈၀ဝ ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

 

mdn

 

အမျိုးသား၊ အမျိုးသမီး၊(အလွတ်တန်း/အကြီးတန်း/သက်ငယ်တန်း) မီနီမာရသွန်အာကစားပြိုင်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဦးစိုင်းလုံကျော်၊ ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီးဦးစိုင်းစွံဆိုင်း၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း နှင့် Pocari Sweat ရေနှင့်ဓါတ်ဆားဖြည့်အချိုရည်ကုမ္ပဏီမှ တာဝန်ရှိသူတို့က မီနီမာရသွန်အာကစားအပြေပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

အလွတ်တန်းမီနီမာရသွန်အားကစားသမား များကိုရှမ်းပြည်နယ်အစိုးရ အဖွဲ့ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီးဦးစိုင်းစွံဆိုင်း ကသေနတ်ပစ်ဖောက်၍တာလွယ်ခဲ့သည်။အလွတ်တန်းမီနီမာရသွန်အားကစားသမားများက ပြည်နယ်အားကစားလေ့ကျင့်ရုံရှေ့မှစတင်၍ဗိုလ်ချုပ် အောင်ဆန်းလမ်းတလျှောက်ဆေးတက္ကသိုလ်ထိမှရွှေဘုန်းပွင့် ဘုရားလမ်းနှင့်အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်း၊အဆုတ်ဆေးရုံမှအရှေ့မြို့ပတ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမှ အမှတ်(၇)အခြေခံ ပညာအထက်တန်းကျောင်းမှ ကွေ့၍ဗိုလ်ချုပ်အောင်ဆန်းလမ်း တလျှောက်အပြန်ပြည်နယ်အားကစားလေ့ကျင့်ရုံရှေ့သို့ပန်းဝင်ခဲ့ကြသည်။အကြီး တန်းမီနီမာရသွန် အားကစားသမားများကို Pocari Sweat ရေနှင့် ဓါတ်ဆားဖြည့် အချိုရည်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး ကသေနတ်ပစ်ဖောက်၍ တာလွယ်ခဲ့သည်။

အကြီးတန်း မီနီမာရသွန်အားကစားသမားများက ပြည်နယ်အားကစား လေ့ကျင့်ရုံရှေ့မှစတင်၍ ဗိုလ်ချုပ်အောင်ဆန်းလမ်းတစ်လျှောက် စူဠာမုနိစေတီတော်မှ အရှေ့မြို့ပတ်မှ မြင်းရုပ်အထိကနေ ဗိုလ်ချုပ်အောင်ဆန်းလမ်း တစ်လျှောက်အပြန်ပြည်နယ် အားကစားလေ့ကျင့်ရုံရှေ့သို့ ပန်းဝင်ခဲ့ကြသည်။ သက်ငယ်တန်းမီနီ မာရသွန်အားကစားသမားများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက သေနတ်ပစ်ဖောက်၍တာလွယ်ခဲ့သည်။ သက်ငယ်တန်းမီနီမာရသွန် အားကစားသမားများက ပြည်နယ် အားကစားလေ့ကျင့်ရုံ ရှေ့မှစတင်၍ဗိုလ်ချုပ်အောင်ဆန်းလမ်း တလျှောက်မှစူဠာမုနိစေတီတော်ထိ၊ စူဠာမုနိစေတီတော်မှ ဗိုလ်ချုပ်အောင် ဆန်းလမ်းတလျှောက်၊ ပြည်နယ်အားကစား လေ့ကျင့်ရုံရှေ့သို့ ပန်းဝင်ခဲ့ကြသည်။

 

mdn

 

အမျိုးသား၊ အမျိုးသမီး၊(အလွတ်တန်း/အကြီးတန်း/သက်ငယ်တန်း)မီနီမာရသွန်အာကစားပြိုင်ပွဲတွင်ဆုရသူများအားဆုချီးမြှင့်ခြင်းကို ဆက်လက်ကျင်းပရာ အလွတ်တန်း/အကြီးတန်း/ သက်ငယ်တန်း၊(အမျိုးသား၊ အမျိုးသမီး) မီနီမာရသွန်ပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယရရှိသော ကျောင်သားကျောင်းသူများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဦးစိုင်းလုံကျော်၊ ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီးဦးစိုင်းစွံဆိုင်း၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဒေါက်တာညီညီအောင်၊ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူများက ဆုရကျောင်းသားကျောင်းသူများ၊ အားကစားဝါသနာရှင်များအား ဆုတံဆိပ်နှင့်ငွေသားဆုများကို ချီးမြှင့်ပေးခဲ့သည်။

အမျိုးသား၊ အမျိုးသမီး၊ (အလွတ်တန်း/ အကြီးတန်း/ သက်ငယ်တန်း) မီနီမာရသွန် အားကစားပြိုင်ပွဲဆုပေးပွဲ ကျင်းပသော အထိမ်းအမှတ်ဖြင့် တက်ရောက်လာသော ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ဆုရအားကစားသမားများက အမှတ်တရစုပေါင်းဓါတ်ပုံရိုက်ကူး၍ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြကြောင်းသိရှိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)