တောင်ကြီး ဇန်နဝါရီ ၈
စွန့်ဦးတီထွင်အမျိုးသမီးလုပ်ငန်းရှင်များအဖွဲ့(ရှမ်းပြည်နယ်) ဖွဲ့စည်းခြင်း (၁၀)နှစ်ပြည့် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တောင်ကြီးမြို့ ဟိုတယ်ထိန်သာခန်းမ၌ ကျင်းပသည်။
ဦးစွာ စွန့်ဦးတီထွင်အမျိုးသမီးလုပ်ငန်းရှင်များအဖွဲ့(ရှမ်းပြည်နယ်) (WEWG) ဥက္ကဋ္ဌ ဒေါ်မိုမိုသီတာနှင့် ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးပပတို့က အမှာစကား ပြောကြားသည်။ ထို့နောက် စွန့်ဦးတီထွင် အမျိုးသမီးလုပ်ငန်းရှင်များအဖွဲ့(ရှမ်းပြည်နယ်) အတွင်းရေးမှူးက အဖွဲ့၏လှုပ်ရှားဆောင်ရွက်မှုများကို တင်ပြပြီး ဘဏ္ဍာရေးမှူးက ငွေစာရင်းရှင်းတမ်းကို ဖတ်ကြားတင်ပြသည်။ ထို့နောက် အသင်းအား ရေရှည်တည်တံ့စေရေးအတွက် ပံ့ပိုးကူညီကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများကို ရှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ ဇနီး၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စွန့်ဦးတီထွင် အမျိုးသမီးလုပ်ငန်းရှင်များအဖွဲ့ (ရှမ်းပြည်နယ်) (WEWG) ဥက္ကဋ္ဌတို့က ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ဒေါ်ယဉ်ဝင်းသူ Ph.D.(Organization Development) က Personal Development, Change Management and Organization Development ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောပြီး စွန့်ဦးတီထွင်အမျိုးသမီးလုပ်ငန်းရှင်များအဖွဲ့(ရှမ်းပြည်နယ်) အဖွဲ့ဝင်များက ဂုဏ်ပြုလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


