တောင်ကြီး စက်တင်ဘာ ၅

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုလေ့လာတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အသိပညာပေး သုတ၊ ရသစာပေများနှင့် အဆက်မပြတ် ထိတွေ့မှုရှိစေရန် ရည်ရွယ်၍ တောင်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ယနေ့နံနက် ၉ နာရီခွဲက စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေးသည်။

 

ထိုသို့ငှားရမ်းပေးရာတွင် တောင်ကြီးမြို့၊ အ.ထ.က(၇)နှင့် အ.ထ.က(၁၁) ကျောင်းများတွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအတွက် စာအုပ်များငှားရမ်းနိုင်ရေး အသင်းဝင်ကတ်ပြားများ ဆောင်ရွက်ပေးပြီး သုတ၊ ရသစာအုပ် ၂၅၀ ကို စနစ်တကျငှားရမ်းပေးသည်။

 

အဆိုပါ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်ငှားရမ်းပေးခြင်းကို တောင်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ အလှည့်ကျ သွားရောက်ဆောင်ရွက်ပေးလျက်ရှိပြီး နှစ်ပတ်လျှင်တစ်ကြိမ် စာအုပ်စာစောင်သစ်များ လဲလှယ်ငှားရမ်းပေးကြောင်း သိရသည်။

 

ဇော်နိုင်လင်း