တောင်ကြီး   ၂၀   ဩဂုတ် 

           

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံခြင်းကို ယမန်နေ့ ညနေ ၃ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အမှာစကားပြောကြားပြီး တက်ရောက်လာသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများဖြစ်သော စိုက်ပျိုးရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ တောင်ကြီးတက္ကသိုလ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သတင်းနှင့်စာနယ်ဇင်း ကိုယ်ပွား သတင်းစာတိုက်၊ တိုင်းရင်းဆေးဦးစီးဌာနတို့မှ ဌာနဆိုင်ရာ ဆောင်ရွက်မည့်အစီအမံများ၊ လိုအပ်ချက်များကို တင်ပြ ဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက ပြန်လည်ရှင်းလင်းဖြေကြားကြကြောင်း သိရသည်။

 

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးနေလင်းက ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများအား ဝန်ထမ်းရေးရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းမှာကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

 

ခရိုင်ပြန်/ဆက်