တောင်ကြီး ၁၄ ဇူလိုင်
ရှမ်းပြည်နယ် ပြည်သူလူထုစား စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီအနေဖြင့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အခြေခံပြည်သူများအား ထောက်ပံ့ပေးနိုင်ရန် စီမံဆောင်ရွက်ထားသည့် ရိက္ခာ၊ ဆန်၊ ဆီ၊ ဆား ကုလားပဲ များအား ယနေ့ နံနက် ပိုင်းက တောင်ကြီးမြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်မှ အခြေခံပြည်သူလူထုများအား ဒုတိယအကြိမ်လက်ဝယ်အရောက် ဆက်လက်ဖြန့်ဝေ လှူဒါန်းပေးအပ်ကြောင်း သိရသည်။
ယင်းသို့ ဖြန့်ဝေလှူဒါန်းရာသို့ ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီ ဒုတိယဥက္ကဌ ဦးခင်အောင်နှင့် ဦးသူရစောသိန်း၊ တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်နှင့်တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့ဝင်များက တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ ရတနာသီရိရပ်ကွက်နှင့် ညောင်ရွှေဟော်ကုန်းရပ်ကွက် (၃)ခုရှိ အခြေခံပြည်သူအိမ်ထောင်စု (၇၂၀)စုတို့အား ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများ ပါဝင်သည့် ရိက္ခာထုပ်ပေါင်း (၇၂၀) အား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်.။
ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာထောက် ပံ့ရေးကော်မတီအနေဖြင့် တောင်ကြီးမြို့ ပေါ်ရပ်ကွက်များရှိ အခြေခံပြည်သူများအား ဆန်၊ ဆီ၊ ဆား ကုလားပဲ များပါဝင်သည့် စားနပ်ရိက္ခာထုတ်များ ဒုတိယအကြိမ် ဆက်လက်ဖြန့်ဝေသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ယင်းကော်မတီ ဒုတိယဥက္ကဌ ဦးသူရ စောသိန်း ထံမှသိရသည်။
စိုးညွန့်ရွှေ(ပြည်နယ်ပြန်/ဆက်)


