တောင်ကြီး မေ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များအား မေ ၁၂ ရက် နံနက်ပိုင်းမှစတင်၍ ပညာသင်နှစ်အလိုက် အတန်းများ ပြန်လည်ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။

ထိုသို့ပြန်လည်ဖွင့်လှစ်ရာ၌ တောင်ကြီးတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်တွင် ပထမနှစ် (ပထမနှစ်ဝက်)၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်တန်းများ၊ တောင်ကြီးပညာရေးကောလိပ်တွင် ပထမနှစ် (ပထမနှစ်ဝက်)နှင့် (ဒုတိယနှစ်ဝက်) သင်တန်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိသော အတန်းများ၌ ပညာသင်နှစ် အသီးသီးမှ  ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံခြင်း၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲများ ပြုလုပ်ခြင်းများဖြင့် အဆင်ပြေချောမွေ့စွာနှင့် စိတ်အေးချမ်းစွာ တက်ရောက် ပညာသင်ကြား လျက်ရှိကြောင်း သိရသည်။

ဇော်နိုင်လင်း