ဆိုးလ် ဇွန် ၃
တောင်ကိုရီးယား မဲဆန္ဒရှင်များသည် သမ္မတသစ်ကို မဲပေးရွေးချယ်ရန် ဇွန် ၃ ရက်က မဲရုံများသို့ မဲများ သွားပေးခဲ့ကြသည်။
မဲပေးခြင်းကို နံနက် ၆ နာရီတွင် စတင်ခဲ့ပြီး နိုင်ငံတစ်ဝန်း မဲရုံပေါင်း ၁၄၀၀၀ ရုံတွင် မဲဆန္ဒရှင်များ မဲပေးခဲ့ကြသည်။
ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းနှစ်ဦးကြား အားကောင်းသောပြိုင်ဆိုင်မှုအဖြစ် ကျယ်ပြန့်စွာ ရှုမြင်ကြသည်။ လီဂျေမြောင်သည် အကြီးဆုံးအတိုက်အခံ ဒီမိုကရက်တစ်ပါတီကို ကိုယ်စားပြုသည်။ ကင်မွန်ဆူးသည် ကွန်ဆာဗေးတစ်အာဏာရ ပြည်သူ့စွမ်းအားပါတီဖြင့် ယှဉ်ပြိုင်လျက် ရှိသည်။
အင်န်အိတ်ချ်ကေ