ဆိုးလ်  ဇွန်  ၃

တောင်ကိုရီးယား မဲဆန္ဒရှင်များသည်    သမ္မတသစ်ကို    မဲပေးရွေးချယ်ရန် ဇွန် ၃ ရက်က မဲရုံများသို့ မဲများ သွားပေးခဲ့ကြသည်။

မဲပေးခြင်းကို နံနက်  ၆  နာရီတွင်  စတင်ခဲ့ပြီး  နိုင်ငံတစ်ဝန်း မဲရုံပေါင်း ၁၄၀၀၀ ရုံတွင် မဲဆန္ဒရှင်များ မဲပေးခဲ့ကြသည်။

ရွေးကောက်ပွဲ  ကိုယ်စားလှယ်လောင်းနှစ်ဦးကြား အားကောင်းသောပြိုင်ဆိုင်မှုအဖြစ်  ကျယ်ပြန့်စွာ    ရှုမြင်ကြသည်။ လီဂျေမြောင်သည်  အကြီးဆုံးအတိုက်အခံ ဒီမိုကရက်တစ်ပါတီကို ကိုယ်စားပြုသည်။ ကင်မွန်ဆူးသည် ကွန်ဆာဗေးတစ်အာဏာရ ပြည်သူ့စွမ်းအားပါတီဖြင့် ယှဉ်ပြိုင်လျက် ရှိသည်။                                                               

အင်န်အိတ်ချ်ကေ