နိုဝင်ဘာ ၁၄

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၄၄ ဦး ထပ်မံသေဆုံးခဲ့ပြီးနောက် ယင်းရောဂါဖြင့် သေဆုံးသူပေါင်း ၂၉၇၀၉ ဦး ရှိကြောင်း သိရသည်။

နိုင်ငံတစ်ဝန်းတွင် တစ်ရက်အတွင်း ကိုဗစ်ရောဂါကူးစက်ခံရသူ ၂၃၇၆၅ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် နိုင်ငံအတွင်း ထိုရောဂါကူးစက်ခံရသူပေါင်း ၂၆၂၁၇၉၉၄ ဦး ရှိလာကြောင်း ကျန်းမာရေးအာဏာပိုင်များက ယနေ့တွင် ပြောကြားသည်။

လွန်ခဲ့သောရက်က ထိုရောဂါကူးစက်မှု ၄၈၄၆၅ ဦးရှိရာမှ  ရောဂါကူးစက်မှုအရေအတွက် ကျဆင်းလာခြင်းဖြစ်သည်ဟု ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးအေဂျင်စီ( ကေဒီစီအေ )က ဆိုသည်။

အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ၅၄ ဦးသည် ပြည်ပပြန်ကူးစက်မှုဖြစ်ပြီး ကျန်ရှိသူများသည် ပြည်တွင်းကူးစက်မှုဖြစ်ကြောင်း သိရသည်။ နိုင်ငံအတွင်း ပြည်ပပြန်ကူးစက်မှုပေါင်း ၇၀၄၈၄ ဦး ရှိသည်ဟု ဖော်ပြထားသည်။

တောင်ကိုရီးယားနိုင်ငံတွင် ကျန်းမာရေးအခြေအနေစိုးရိမ်ရသူ ၄၁၃ ဦး ရှိကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို