ဆိုးလ် မေ ၃
တောင်ကိုရီးယားနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၁၁၃၁ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် အဆိုပါရောဂါ ကူးစက်ခံရသူစုစုပေါင်း ၁၇၃၄၆၇၅၃ ဦး ရှိလာကြောင်း တောင်ကိုရီးယား ကျန်းမာရေး အာဏာပိုင်များက မေ ၃ ရက်တွင် ပြောကြားသည်။
ထို့ပြင် လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၄၉ ဦး ထပ်မံ တွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် အဆိုပါ ရောဂါဖြင့်သေဆုံးသူပေါင်း ၂၃၀၀၇ ဦးရှိလာကြောင်း တောင်ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ် ရေးအေဂျင်စီက ပြောကြားသည်။ အဆိုပါတစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ အရေအတွက်သည် နိုင်ငံအတွင်း သေဆုံးသူ စုစုပေါင်း၏ သုည ဒသမ ၁၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံ၌ နိုင်ငံလူဦးရေ၏ ၈၆ ဒသမ ၈ ရာခိုင်နှုန်း သို့မဟုတ် ၄၄၅၄၉၄၆၉ ဦး အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် လူဦးရေ ၃၃၁၃၇၈၉၄ ဦး သို့မဟုတ် နိုင်ငံလူဦးရေ၏ ၆၄ ဒသမ ၆ ရာခိုင်နှုန်း အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယ အကြိမ် အပိုဆောင်းထိုးနှံပေးပြီးဖြစ်ကြောင်း သိရ သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်