ဆိုးလ်    မေ    ၃

တောင်ကိုရီးယားနိုင်ငံ၌     လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၁၁၃၁ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် အဆိုပါရောဂါ ကူးစက်ခံရသူစုစုပေါင်း    ၁၇၃၄၆၇၅၃  ဦး ရှိလာကြောင်း  တောင်ကိုရီးယား  ကျန်းမာရေး အာဏာပိုင်များက   မေ ၃ ရက်တွင်   ပြောကြားသည်။

ထို့ပြင်   လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့်   သေဆုံးသူ ၄၉ ဦး  ထပ်မံ တွေ့ရှိခြင်းကြောင့်   နိုင်ငံတစ်ဝန်းတွင် အဆိုပါ ရောဂါဖြင့်သေဆုံးသူပေါင်း ၂၃၀၀၇  ဦးရှိလာကြောင်း  တောင်ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ် ရေးအေဂျင်စီက ပြောကြားသည်။ အဆိုပါတစ်ရက် အတွင်း  ကိုဗစ်-၁၉ ရောဂါကြောင့်    သေဆုံးသူ အရေအတွက်သည်    နိုင်ငံအတွင်း   သေဆုံးသူ စုစုပေါင်း၏ သုည ဒသမ ၁၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ၌   နိုင်ငံလူဦးရေ၏ ၈၆ ဒသမ ၈ ရာခိုင်နှုန်း သို့မဟုတ် ၄၄၅၄၉၄၆၉ ဦး အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  နှစ်ကြိမ်ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် လူဦးရေ ၃၃၁၃၇၈၉၄ ဦး သို့မဟုတ် နိုင်ငံလူဦးရေ၏ ၆၄ ဒသမ ၆ ရာခိုင်နှုန်း အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  တတိယ အကြိမ် အပိုဆောင်းထိုးနှံပေးပြီးဖြစ်ကြောင်း သိရ သည်။ 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်