နိုဝင်ဘာ ၈

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၂၂၇၃ ဦးထပ်မံတွေ့ရှိခဲ့ပြီးနောက် နိုင်ငံအတွင်း ထိုရောဂါကူးစက်ခံရသူပေါင်း ၂၅၉၁၉၁၈၃ ဦး အထိမြင့်တက်လာကြောင်း ကျန်းမာရေးအာဏာပိုင်များက ယနေ့တွင် ပြောကြားသည်။

အဆိုပါရောဂါထပ်မံကူးစက်ခံရမှုသည် လွန်ခဲ့သောနေ့ကထိုရောဂါကူးစက်ခံရသူ ၁၈၆၇၁ ဦးထက် ကူးစက်မှုပိုမို များပြားခဲ့သည်ဟု ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးအေဂျင်စီက ဆိုသည်။

ထိုရောဂါကူးစက်ခံရမှုကြောင့် လူ ၃၀ ထပ်မံသေဆုံးကြောင်းနှင့် နိုင်ငံအတွင်း ယင်းရောဂါဖြင့် သေဆုံးသူပေါင်း ၂၉၄၂၀ ရှိလာကြောင်း အတည်ပြုထုတ်ပြန်ထားသည်။

ယင်းရောဂါကူးစက်ခံရသူများအနက် ကျန်းမာရေးအခြေအနေစိုးရိမ်ရသူဦးရေ ၃၆၀ ရှိသည်ဟု သိရသည်။

နိုင်ငံတစ်ဝန်းတွင် ပြည်ပပြန်ကူးစက်မှုပေါင်း ၇၀၁၇၉ ဦးရှိလာကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို