နိုဝင်ဘာ ၁၆
တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၆၅၈၇ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် နိုင်ငံအတွင်း ထိုရောဂါကူးစက်ခံရသူပေါင်း ၂၆၃၅၇၄၆၄ ဦး ရှိလာကြောင်း ကျန်းမာရေးအာဏာပိုင်များက ယနေ့တွင် ပြောကြားသည်။
လွန်ခဲ့သောရက်က ထိုရောဂါကူးစက်ခံရသူ ၇၂၈၈၃ ဦးရှိရာမှ ရောဂါကူးစက်မှုအရေအတွက် လျော့ကျလာခြင်းဖြစ်သည်ဟု ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးအေဂျင်စီ( ကေဒီစီအေ )၏ပြောကြားချက်အရ သိရသည်။
အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ၆၇ ဦးသည် ပြည်ပပြန်ကူးစက်မှုဖြစ်ပြီး ကျန်ရှိနေသူများသည် ပြည်တွင်းကူးစက်မှုဖြစ်ကြောင်း ဖော်ပြထားသည်။
နိုင်ငံတစ်ဝန်းတွင် ထိုရောဂါကူးစက်ခံရသည့် ပြည်ပပြန်ကူးစက်မှုပေါင်း ၇၀၆၀၁ ဦး ရှိလာသည်။
ထိုရောဂါကူးစက်ခံရမှုကြောင့် ၄၇ ဦးထပ်မံသေဆုံးခဲ့သဖြင့် နိုင်ငံအတွင်း သေဆုံးမှုပေါင်း ၂၉၇၉၅ ဦးရှိလာသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို