ဖလမ်း   ၈  အောက်တိုဘာ

ဖလမ်းမြို့၊ တလန်လိုရပ်ကွက် ဗိုလ်ချုပ်လမ်းဘေး တောင်ကမ်းပါးယံရှိ ကျောက်တုံးများ ပြိုကျခြင်း ကြောင့် ထိခိုက်ပျက်စီးသည့် အိမ်ထောင်စု(၂)စုအား ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက အောက်တိုဘာ ၇ ရက်က အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ ပေးအပ်သည်။

 

အဆိုပါ အိမ်ထောင်စု(၂)စုကို  ဖလမ်းခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နီထလဲန်းကြွယ်နှင့် ဝန်ထမ်းများက ဆန်ရိက္ခာဖိုး(၇)ရက်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးများကို ထောက်ပံ့ ပေးအပ်ခြင်းဖြစ်သည်။

 

ဖလမ်းမြို့၊ တလန်လိုရပ်ကွက် ဗိုလ်ချုပ်လမ်းဘေးရှိ ဦးဟာဘာကုတ် နေအိမ်နှင့် ဦးဟရမ်းအောင် နေအိမ်တို့သည် အောက်တိုဘာ ၃ ရက် နံနက်ပိုင်းက တောင်ကမ်းပါးယံမှ ကျောက်တုံးများ ပြိုကျမှုကြောင့် ထိခိုက်ပျက်စီးသွားခြင်းဖြစ်ကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)