တောင်ကုတ် ၂၅ သြဂုတ်
သံတွဲခရိုင် တောင်ကုတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ စမ်းသပ်ကွက် စံပြကွက်နှင့် မျိုးစေ့ထုတ်လုပ်ငန်းများ စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် တောင်သူများအား ဓာတ်မြေသြဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို သြဂုတ် ၂၄ ရက် နံနက် ၉ နာရီခွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမင်းသူ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းသိန်းတို့က အမှာစကားပြောကြားပြီး ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာစမ်းသပ်ကွက်များ စံပြကွက်နှင့် မျိုးစေ့ထုတ်လုပ်ငန်းများ စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် တောင်သူများအား ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


