တောင်ကုတ် ၅ ဇူလိုင်
တောင်ကုတ်မြို့နယ်တွင် ဇူလိုင် ၄ ရက်ညပိုင်းက မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကြိုးကြားကွင်း အုပ်စုဘက်မှ တောင်ကျရေများ စီးဝင်လာပြီး ရေထွက်ပေါက်နည်း၍ ရေစီးရေလာ ကောင်းမွန်မှုမရှိသော တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက် သံတွဲလမ်းခွကွက်သစ်နှင့် တောင်ကုတ် - ပြည် လမ်းမကြီး အ.ထ.က (၁) နှင့် စီမံကိန်းရုံးအကြား ရေကျော်မှုများကြောင့် သိမ်တောင်ရပ်ကွက်ရှိ စဉ့်အိုးကြီးအနီး ရပ်ကွက်တို့တွင် ဇူလိုင် ၅ ရက် နံနက် ၄ နာရီမှ စတင်ကာ ရေကြီးနစ်မြုပ်လျှက်ရှိကြောင်း သိရသည်။
ထိခိုက်ပျက်စီးမှုများမရှိဘဲ မိုးဆက်လက်ရွာသွန်းမှုကြောင့် မိုးရေများဝင်ရောက်ပြီး ရေကြီးနစ်မြုပ်မှု ဆက်လက်ဖြစ်ပွားနိုင်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)


