တောင်ငူ      မေ     ၁၂

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနရှိ  နည်းပညာတက္ကသိုလ် (တောင်ငူ)နှင့် ကွန်ပျူတာတက္ကသိုလ် (တောင်ငူ)တို့တွင်  မေ ၁၂ ရက် နံနက်ပိုင်းက ဘွဲ့ကြို (ပထမနှစ်) စတင်ဖွင့်လှစ်ရာ မောင်မယ်သစ်လွင် ကျောင်းသား ကျောင်းသူများအား ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများနှင့် ဆရာ ဆရာမများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုကြသည်။

 

အဆိုပါ တက္ကသိုလ်များ၌ ကျင်းပသည့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားများတွင် ပါမောက္ခချုပ်များက အမှာစကားများ ပြောကြားကြပြီး ဒုတိယ ပါမောက္ခချုပ်များက ကျောင်းစည်းကမ်းများနှင့်ပတ်သက်၍လည်းကောင်း၊ ဌာနမှူး၊ သင်တန်းမှူး၊ အဆောင်မှူးများက လုပ်ငန်းတာဝန်များအလိုက် အသီးသီး မိတ်ဆက်စကားများ ပြောကြားခဲ့သည်။ ယင်းနောက် ကျောင်းသား ကျောင်းသူများ၏ စာသင်ကြားနေမှုများကို ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက လိုက်လံ

ကြည့်ရှုအားပေးကြသည်။

 

နည်းပညာတက္ကသိုလ်(တောင်ငူ)၌ ဘွဲ့ကြို(ပထမနှစ်) တက်ရောက်သည့် ကျောင်းသား ကျောင်းသူ ၁၀၀ နှင့် ကွန်ပျူတာတက္ကသိုလ် (တောင်ငူ)၌ ကျောင်းသား ကျောင်းသူ ၁၅၀ တက်ရောက်လျက်ရှိကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)