တောင်ငူ ၂၆ ဇူလိုင်
တောင်ငူမြို့တွင် brac Myanmar International Organization မှ မသန်စွမ်းသူများအတွက် စီးပွားရေးဆိုင်ရာ မတည်ပံ့ပိုးမှု အခမ်းအနားကို ဇူလိုင်လ ၂၆ ရက် မွန်းလွှဲ ၃နာရီတွင် တောင်ငူမြို့ ၂၁ရပ်ကွက် ဇေယျာခင်ဦး ၃လမ်းရှိ brac Myanmar ရုံးခန်းမတွင် ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် brac Myanmar International Organization မှ General manager Sazaduzzaman Sazad ကအဖွင့်အမှာစကား ပြောကြားပီး လူမှု့ဝန်ထမ်းဦးစီးဌာန မှ အိမ်တွင်းမှု သင်တန်းကျောင်းအုပ်ကြီးက မိတ်ဆက်စကား ပြောကြားသည်။ ယင်းနောက်စီမံကိန်းတာဝန်ခံ ဒေါ်နှင်းစုဝေက စီမံကိန်း၏ ရည်ရွယ်ချက် ကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် General manager Sazaduzzaman Sazad နှင့် တာဝန်ရှိသူ များက မသန်စွမ်းသူ ၇၉ ဦးကို ဝက် ၃၆ ကောင် ၊ ဆိတ် ၁၂ ကောင်၊ နွား ၂ ကောင်၊ ရေမော်တာစက် ၂ လုံး၊မြေသြဇာ ၆၁ အိတ်၊ အပ်ချုပ်စက် ၁ စုံ၊ လယ်သမားပစ္စည်းအစုံကို ပေးအပ်ခဲ့ပြီး မတက်ရောက်နိုင်သည့်သူများကို ဝန်ထမ်းများက အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အခြားမြို့ ကြီးများတွင်လည်း အလားတူ ကူညီထောက်ပံရေး လုပ်ငန်းများလုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
သူရ( တောင်ငူ )


